အမာရွတ်ပျောက်စေမယ့် နည်းလမ်းတွေ
30-Oct-2016
အရေပြားမှာ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရ ခဲ့ရင်ပဲဖြစ်ဖြစ်အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ် ရာ စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့်အမာရွတ်တွေကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်း အောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါ တယ်။ ရှားစောင်းလက်ပပ်အပေါ် လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေ နဲ့ အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပေး၊ နာရီဝက်လောက်ထား ပြီး ရေဆေးချတာမျိုး တစ်နေ့နှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါ တယ်။အုန်းဆီအနည်းငယ်ကိုအပူ ပေး၊ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ် ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက် ကင်းစေပါတယ်။ ဗီတာမင်အီးအဆီ၊ သံလွင် ဆီ၊ စန္ဒကူးနံ့သာဆီရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေး တယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက်ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ်လုပ် ပေးရင်း ပျောက်ကင်းအောင်လုပ် နိုင်ပါတယ်။နောက်တစ်နည်းက ပျား ရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီးစည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေး ကြောတာမျိုး အိပ်ရာမဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့နေရာကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ်ရှိရင်လည်း ဘယ်အမာရွတ် မျိုးမဆို သုတ်လိမ်းပေးရင် သက်သာပျောက်ကင်းစေပါတယ်။
Healthcare.com.mm
Ref:
tophomeremedies
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

